Online Self Learning Course in AJCCBC

ဆိုက်ဘာလုံခြုံရေးဆိုင်ရာ စွမ်းဆောင်ရည်များမြင့်မားစေရန်နှင့် ဆိုက်ဘာ တိုက်ခိုက်မှုများကို ကိုင်တွယ်ဖြေရှင်းနိုင်ရန် ရည်ရွယ်၍ ဂျပန်နိုင်ငံ၊ ပြည်ထဲရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနနှင့် ထိုင်းနိုင်ငံ ASEAN-Japan Cybersecurity Capacity Building Center တို့မှ ဆိုက်ဘာလုံခြုံရေးနှင့် ဆိုက်ဘာတိုက်ခိုက်မှု တုံ့ပြန်ရေးဆိုင်ရာ သင်တန်းအား Online Self Learning Platform အဖြစ် စီစဉ်ဖွင့်လှစ်ရာ အစိုးရဝန်ကြီးဌာနများမှ Chief Information Officer (CIO)များမှ တက်ရောက် လေ့ကျင့် နိုင်ပါသည်။ အဆိုပါသင်တန်းသည် ဘဏ္ဍာရေးနှစ်တစ်နှစ်အတွင်း နှစ်ကြိမ် ဖွင့်လှစ် ခြင်းဖြစ်ပြီး အမျိုးသားဆိုက်ဘာလုံခြုံရေးဌာနအနေဖြင့် သင်တန်းသားများ မြန်မာဘာသာဖြင့် လေ့လာနိုင်စေရန်အတွက် MIC၊ AJCCBC တို့နှင့် ပူးပေါင်း၍ မြန်မာဘာသာပြန်ဆိုခဲ့ ခြင်းဖြစ်သည်။