Myanmar Cyber Security Challenge ပြိုင်ပွဲ(၂၀၂၂) ကို စက်တင်ဘာလတွင် နေပြည်တော်၌ ကျင်းပမည်
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနမှ ကြီးမှူးကျင်းပမည့် Myanmar Cyber Security Challenge ပြိုင်ပွဲ(၂၀၂၂)ကို ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလတွင် နေပြည်တော်ရှိ အမျိုးသားဆိုက်ဘာလုံခြုံရေးဗဟိုဌာနအဆောက်အဦ၌ ကျင်းပပြုလုပ်မည်ဖြစ်ပြီး ပြိုင်ပွဲဝင်လိုသူများသည် ပြိုင်ပွဲဝင်လျှောက်လွှာကို အောက်ပါ Link တွင် Download လုပ်ယူနိုင်ပါသည်။ https://mmcert.org.mm/RegistrationForm2022.pdf ဆိုက်ဘာလုံခြုံရေးဆိုင်ရာ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရန်၊ လူငယ်များအကြား ဆိုက်ဘာလုံခြုံရေးဆိုင်ရာ သက်မွေးဝမ်းကျောင်းမှု အခွင့်အလမ်းများ တိုးတက်လာစေရန်နှင့် လူငယ်များ…