“လူငယ်နှင့် စာပေအနုပညာပြပွဲ”တွင် ဆိုက်ဘာလုံခြုံရေးပြခန်းအား အောင်မြင်စွာ ဖွင့်လှစ်ပြသပြီးစီး
၇၅ နှစ်မြောက်စိန်ရတု လွတ်လပ်ရေးနေ့အထိမ်းအမှတ် “လူငယ်နှင့် စာပေအနုပညာပြပွဲ”ကို ယနေ့ ဒီဇင်ဘာလ ၂၉ ရက်နေ့တွင် မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန-၂ (MICC-2)၊နေပြည်တော်တွင် နောက်ဆုံးနေ့အဖြစ်ကျင်းပပြုလုပ်ခဲ့ရာ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာန၏ ဆိုက်ဘာလုံခြုံရေးပြခန်းကို အောင်မြင်စွာ ဖွင့်လှစ်ပြသပြီးစီးခဲ့ကြောင်း သိရှိရပါသည်။ အဆိုပါ ဆိုက်ဘာလုံခြုံရေးပြခန်းရှိ ဆိုက်ဘာဉာဏ်စမ်းပဟေဠိဖြေဆိုမှုအစီအစဉ်တွင် အခြေခံပညာအဆင့်၌ဖြေဆိုသူ (၁၁၃၄) ဦး၊ တက္ကသိုလ်အဆင့်တွင် ဖြေဆိုသူ (၁၁၈) ဦးနှင့်…