ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊ နည်းပညာဆိုင်ရာ အထောက်အကူပြုသင်တန်း အမှတ်စဉ်(၁)တွင် ဆိုက်ဘာလုံခြုံရေးဘာသာရပ်အား သင်ကြားပို့ချ
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး(နေပြည်တော်)၌နည်းပညာဆိုင်ရာ အထောက်အကူပြုသင်တန်းအမှတ်စဉ်(၁)အား ၁၄-၁၁-၂၀၂၂ရက်နေ့(ယနေ့)တွင် ဖွင့်လှစ်ခဲ့ရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးအောင်လွင်ဦးက အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။အဆိုပါသင်တန်းတွင်ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊သတင်းအချက်အလက်နည်းပညာနှင့်ဆိုက်ဘာလုံခြုံရေး ဦးစီးဌာန၊ အမျိုးသားဆိုက်ဘာလုံခြုံရေးဗဟိုဌာနမှ “ဆိုက်ဘာလုံခြုံရေး” ဘာသာရပ်အား နိုဝင်ဘာလ ၁၄ ရက်နေ့မှ ၁၈ ရက်နေ့ထိ သင်ကြား ပို့ချမည်ဖြစ်ကြောင်း သိရှိရပါသည်။ သင်တန်းတွင် ဆိုက်ဘာလုံခြုံရေးနှင့် ဆိုက်ဘာတိုက်ခိုက်မှုအဓိပ္ပာယ်၊ Endpoint များအား လုံခြုံရေးအားနည်းချက်ဖြစ်စေသော အကြောင်းရင်းများ၊ Endpoint များကို ပစ်မှတ်ထား…