သတင်းအချက်အလက် နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေး ဦးစီးဌာန၏ သမိုင်းကြောင်း

၂၀၁၅ ခုနှစ်၊ ဇန်နဝါရီလ (၁၅) ရက်နေ့တွင် ကျင်းပပြုလုပ်သော ပြည်ထောင်စုသမ္မတ မြန်မာ နိုင်ငံတော် အစိုးရအဖွဲ့အစည်းအဝေး အမှတ်စဉ် ( ၂/၂၀၁၅ ) အရ ဆက်သွယ်ရေးနှင့် အချက် အလက် နည်းပညာဝန်ကြီးဌာန၊ ဝန်ကြီးရုံး၏ အမိန့်ကြော်ငြာစာအမှတ် (၉/၂၀၁၅) ဖြင့် သတင်းအချက်အလက် နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာနကို ၂၀၁၅ ခုနှစ်၊ ဧပြီလ (၁) ရက်နေ့မှ စတင်၍ တည်ထောင် ဖွဲ့စည်းခဲ့ပါသည်။

သတင်းအချက်အလက် နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာန၏ ဖွဲ့စည်းပုံ

အမျိုးသားဆိုက်ဘာလုံခြုံရေးဗဟိုဌာနသည် သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေး ဦးစီးဌာန၏ ဌာနခွဲ ၆ ခုအနက် တစ်ခုအပါအဝင်ဖြစ်ပြီး ၂၀၁၅ ခုနှစ်၊ ဧပြီလ (၁) ရက်နေ့မှ စတင်တည်ထောင် ဖွဲ့စည်းခဲ့ပါသည်။

အမျိုးသားဆိုက်ဘာလုံခြုံရေးဗဟိုဌာန

အမျိုးသားဆိုက်ဘာလုံခြုံရေးဗဟိုဌာနသည် သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေး ဦးစီးဌာန၏ ဌာနခွဲ ၆ ခုအနက် တစ်ခုအပါအဝင်ဖြစ်ပြီး ၂၀၁၅ ခုနှစ်၊ ဧပြီလ (၁) ရက်နေ့မှ စတင်တည်ထောင် ဖွဲ့စည်းခဲ့ပါသည်။

ရည်မှန်းချက်နှင့်တာဝန်ဝတ္တရားများ​

အမျိုးသား ဆိုက်ဘာလုံခြုံရေး ဗဟိုဌာနသည် ပြည်ထောင်စုဝန်ကြီးဌာနများ၊ အစိုးရ အဖွဲ့အစည်းများနှင့် ပြည်သူလူထုတို့အကြား E-government နှင့် အွန်လိုင်းဝန်ဆောင်မှုများကို လုံခြုံစိတ်ချစွာ ရယူဆောင်ရွက်နိုင်မည့် ဆိုက်ဘာပတ်ဝန်းကျင်ကောင်းတစ်ခု ဖြစ်ပေါ်လာစေရန် နှင့် ပြောင်းလဲတိုးတက်လာသော နည်းပညာများနှင့်အညီ ယုံကြည်စိတ်ချရသော ဆိုက်ဘာ လုံခြုံရေး နယ်ပယ်ဖြစ်ပေါ်လာစေရန်အတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။​

NCSC ဖွဲ့စည်းပုံ​

အမျိုးသား ဆိုက်ဘာလုံခြုံရေး ဗဟိုဌာန အား ဆိုက်ဘာ လုံခြုံရေးလုပ်ငန်း လည်ပတ်မှု ဗဟိုဌာန (Security Operation Center) နှင့် မြန်မာနိုင်ငံကွန်ပျူတာ အရေးပေါ် တုံ့ပြန်ရေးအဖွဲ့ (mmCERT) ဟူ၍ ဌာနခွဲ (၂)ခုဖြင့် ဖွဲ့စည်းထားပါသည်။