You are currently viewing “The ASEAN Cyber Shield MSc Cyber Security Scholarship 2025/2026” ပညာသင်ဆု လျှောက်ထားနိုင်ကြောင်း အသိပေးကြေညာခြင်း

“The ASEAN Cyber Shield MSc Cyber Security Scholarship 2025/2026” ပညာသင်ဆု လျှောက်ထားနိုင်ကြောင်း အသိပေးကြေညာခြင်း

  • Post author:
  • Post category:Uncategorized

၁။    ဘရူနိုင်းနိုင်ငံ၊ Universiti Teknologi Brunei (UTB) ၌ ၂၀၂၅-၂၀၂၆ စာသင်နှစ်အတွက် MSc Cyber Security အား ၂၀၂၅ ခုနှစ်၊ ဇူလိုင်လတွင် ဖွင့်လှစ်မည်ဖြစ်ရာ ကိုရီးယားသမ္မတနိုင်ငံနှင့် အာဆီယံနိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်မှုစီမံကိန်းတစ်ခု ဖြစ်သည့်  “The ASEAN Cyber Shield MSc Cyber Security Scholarship 2025/2026 ” ကို မြန်မာနိုင်ငံမှ လျှောက်ထားနိုင်ပါသည်။

၂။    အဆိုပါအစီအစဉ်ကို အာဆီယံ-ကိုရီးယား ပူးပေါင်းဆောင်ရွက်ရေး ရန်ပုံငွေ (AKCF) မှ ထောက်ပံ့ပေးခြင်းဖြစ်ပြီး ဘရူနိုင်းနိုင်ငံ၊ Universiti Teknologi Brunei တွင် တစ်နှစ် တက်ရောက်သင်ကြားခွင့် ရရှိမည်ဖြစ်သည်။ အဆိုပါအစီအစဉ်သို့ လျှောက်ထားလိုသူများသည် အောက်ဖော်ပြပါ သတ်မှတ်အရည်အချင်းများနှင့် ကိုက်ညီရမည်ဖြစ်ပါသည်
– လျှောက်ထားလိုသူများသည် ၁-၉-၂၀၂၅ ရက်နေ့တွင် အသက် ၃၅ နှစ် မကျော်လွန်သူဖြစ်ရမည်။
– အင်္ဂလိပ်စာကျွမ်းကျင်မှုမှာ GCE ‘O’ Level Credit 6 (သို့မဟုတ်) IGCSE Grade ‘B’ (သို့မဟုတ်) IELTS Minimum Score 6.0 (သို့မဟုတ်) TOFEL Minimum Score 550 ရှိရမည်။
– IT သို့မဟုတ် Science သို့မဟုတ် Engineering ဖြင့် Bachelor ဘွဲ့ အနည်းဆုံး ရရှိထားသူဖြစ်ရမည်။
– အဆင့်မြင့်ပညာရေးကို လျှောက်လွှာတင်ရမည့်ရက်မတိုင်မီ ၂နှစ်ထက် မပိုသော ကာလတွင် ပြီးစီးထားရမည်။

၃။    ပညာသင်ဆု လျှောက်ထားလိုသူများအနေဖြင့် ၃၁-၃-၂၀၂၅ ရက်နေ့ နောက်ဆုံးထားကာ http://apply.utb.edu.bn မှတစ်ဆင့် တိုက်ရိုက်လျှောက်ထားနိုင်ပြီး  technicalteam@mmcert.org.mm သို့ မိတ္တူပေးပို့ရမည် ဖြစ်ပါသည်။

၄။    အစီအစဉ်နှင့်စပ်လျဉ်းသည့် အသေးစိတ်အချက်အလက်ကို အောက်ပါ Link တွင် ဖတ်ရှုနိုင်ပါသည် –

https://www.utb.edu.bn/academics/school-of-computing-and-informatics/postgraduate-programmes/computer-network-and-security-cns/master-of-science-in-cyber-security-full-time/

[ACS] MSc Scholarship