You are currently viewing “လူငယ်နှင့်စာပေအနုပညာပြပွဲ” ရှိ ဆိုက်ဘာလုံခြုံရေးပြခန်းတွင် ဆိုက်ဘာလုံခြုံရေးဉာဏ်စမ်း ပဟေဠိ ဖြေဆိုသူများဖြင့် စည်ကားလျက်ရှိ

“လူငယ်နှင့်စာပေအနုပညာပြပွဲ” ရှိ ဆိုက်ဘာလုံခြုံရေးပြခန်းတွင် ဆိုက်ဘာလုံခြုံရေးဉာဏ်စမ်း ပဟေဠိ ဖြေဆိုသူများဖြင့် စည်ကားလျက်ရှိ

၇၅ နှစ်မြောက်စိန်ရတု လွတ်လပ်ရေးနေ့ အထိမ်းအမှတ် “လူငယ်နှင့်စာပေ အနုပညာပြပွဲ” ကို ဒီဇင်ဘာလ ၂၆ ရက်နေ့မှ ၂၈ ရက်နေ့ထိ နေ့စဉ်နံနက် ၀၉၃၀ နာရီမှ ညနေ ၁၆၃၀ နာရီထိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန-၂ (MICC-2)၊ နေပြည်တော်တွင် ကျင်းပလျက်ရှိရာ ပထမနေ့အဖြစ်ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး ဝန်ကြီးဌာန၊ သတင်းအချက် အလက်နည်းပညာနှင့်ဆိုက်ဘာလုံခြုံရေးဦးစီးဌာန၏ ဆိုက်ဘာလုံခြုံရေးပြခန်းတွင် ဆိုက်ဘာလုံခြုံရေးဆိုင်ရာဉာဏ်စမ်းပဟေဠိဖြေဆိုသူများဖြင့် စည်ကားလျက်ရှိသည်။
အဆိုပါဆိုက်ဘာလုံခြုံရေးပြခန်းတွင် ဆိုက်ဘာလုံခြုံရေးဆိုင်ရာအသိပညာပေး ရုပ်ပြ ကာတွန်းများ၊ ပိုစတာများ၊ Animation ဗီဒီယိုများ ပြသထားပြီး ဆိုက်ဘာလုံခြုံရေးဆိုင်ရာ ဗဟုသုတအား ဆန်းစစ်နိုင်သည့် ဆိုက်ဘာဉာဏ်စမ်းပဟေဠိဖြေဆိုမှု အစီအစဉ်ကိုလည်း ထည့်သွင်းထားသည်။ ဆိုက်ဘာဉာဏ်စမ်းပဟေဠိဖြေဆိုမှု အစီအစဉ်တွင် အခြေခံပညာအဆင့်၊ တက္ကသိုလ်အဆင့်နှင့် အလွတ်တန်းအဆင့် ဟူ၍ ခွဲခြားထားပြီး ဖြေဆိုချိန် ၁၅ မိနစ်အတွင်း မေးခွန်း ၁၃ ခုအား မှန်ကန်စွာဖြေဆိုနိုင်သူများသည် အမှတ်တရလက်ဆောင်များ ရရှိမည်ဖြစ်ပြီး ပြပွဲကာလ ၃ ရက်တာအတွင်း အမှတ်အများဆုံး ရရှိအောင်ဖြေဆိုနိုင်သူ ၃ ဦးအား ထပ်မံ၍ ဆုချီးမြှင့်မည်ဖြစ်ကြောင်း သိရှိရပါသည်။