You are currently viewing “တတိယအကြိမ်မြောက် အာဆီယံဆိုက်ဘာလုံခြုံရေးပူးပေါင်းဆောင်ရွက်ရေး ကော်မတီအစည်းအဝေး (The 3rd Meeting of ASEAN Cybersecurity Coordinating Committee (ASEAN Cyber-CC)” ကို အိမ်ရှင်နိုင်ငံအဖြစ် မြန်မာနိုင်ငံမှ Virtual စနစ်ဖြင့် လက်ခံကျင်းပ

“တတိယအကြိမ်မြောက် အာဆီယံဆိုက်ဘာလုံခြုံရေးပူးပေါင်းဆောင်ရွက်ရေး ကော်မတီအစည်းအဝေး (The 3rd Meeting of ASEAN Cybersecurity Coordinating Committee (ASEAN Cyber-CC)” ကို အိမ်ရှင်နိုင်ငံအဖြစ် မြန်မာနိုင်ငံမှ Virtual စနစ်ဖြင့် လက်ခံကျင်းပ

အာဆီယံနိုင်ငံများအတွင်း ဆိုက်ဘာလုံခြုံရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှု လုပ်ငန်း စဉ်များကို မြှင့်တင်နိုင်စေရန် ရည်ရွယ်၍ တတိယ အကြိမ်မြောက် အာဆီယံဆိုက်ဘာလုံခြုံရေးပူးပေါင်းဆောင်ရွက်ရေးကော်မတီ (The 3rd Meeting of ASEAN Cybersecurity Coordinating Committee (ASEAN Cyber-CC) အစည်းအဝေးကို ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၁၁ ရက်နေ့တွင်  အိမ်ရှင်နိုင်ငံအဖြစ် မြန်မာနိုင်ငံမှ Virtual စနစ်ဖြင့် လက်ခံကျင်းပခဲ့ရာ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာနမှ ခေတ္တညွှန်ကြားရေးမှူးချူပ် ဦးစိုင်းစောလင်းထွန်းက အဖွင့်အမှာစကား ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

အစည်းအဝေးတွင် ဆိုက်ဘာလုံခြုံရေးဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ အာဆီယံကဏ္ဍဆိုင်ရာအဖွဲ့အစည်းများ၊ ကော်မတီများ၊ အလုပ်အမှုဆောင်အဖွဲ့များမှ ၂၀၂၂ ခုနှစ်အတွင်း ပြုလုပ်ခဲ့သော ဆိုက်ဘာလုံခြုံရေးဆိုင်ရာ အစည်းအဝေးများ၏ တိုးတက်မှုဆိုင်ရာ ကောက်နှုတ်ချက်များအား အဓိကထား တင်ပြဆွေးနွေးပြီး အခြားဆိုက်ဘာလုံခြုံရေးဆိုင်ရာ ဆက်စပ်ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်းနှင့် အစည်းအဝေးသို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများက ကိုယ်စားလှယ် ၃၅ ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။