You are currently viewing “လူငယ်နှင့် စာပေအနုပညာပြပွဲ”တွင် ဆိုက်ဘာလုံခြုံရေးပြခန်းအား အောင်မြင်စွာ ဖွင့်လှစ်ပြသပြီးစီး

“လူငယ်နှင့် စာပေအနုပညာပြပွဲ”တွင် ဆိုက်ဘာလုံခြုံရေးပြခန်းအား အောင်မြင်စွာ ဖွင့်လှစ်ပြသပြီးစီး

၇၅ နှစ်မြောက်စိန်ရတု လွတ်လပ်ရေးနေ့အထိမ်းအမှတ် “လူငယ်နှင့် စာပေအနုပညာပြပွဲ”ကို ယနေ့ ဒီဇင်ဘာလ ၂၉ ရက်နေ့တွင် မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန-၂ (MICC-2)၊နေပြည်တော်တွင် နောက်ဆုံးနေ့အဖြစ်ကျင်းပပြုလုပ်ခဲ့ရာ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာန၏ ဆိုက်ဘာလုံခြုံရေးပြခန်းကို အောင်မြင်စွာ ဖွင့်လှစ်ပြသပြီးစီးခဲ့ကြောင်း သိရှိရပါသည်။
အဆိုပါ ဆိုက်ဘာလုံခြုံရေးပြခန်းရှိ ဆိုက်ဘာဉာဏ်စမ်းပဟေဠိဖြေဆိုမှုအစီအစဉ်တွင် အခြေခံပညာအဆင့်၌ဖြေဆိုသူ (၁၁၃၄) ဦး၊ တက္ကသိုလ်အဆင့်တွင် ဖြေဆိုသူ (၁၁၈) ဦးနှင့် အလွတ်တန်းအဆင့်တွင် ဖြေဆိုသူ (၁၀၁) ဦး၊ စုစုပေါင်းဖြေဆိုသူ (၁၃၅၃) ဦးမှ စိတ်ပါဝင်စားစွာ ပါဝင်ဖြေဆိုခဲ့ကြပြီး ဖြေဆိုချိန် ၁၅ မိနစ်အတွင်းမေးခွန်း ၁၃ ခုအား မှန်ကန်စွာဖြေဆိုနိုင်သူများကို အမှတ်တရလက်ဆောင်များ ပေးအပ်ကာ ပြပွဲကာလအတွင်း အမှတ်အများဆုံးရရှိအောင် ဖြေဆိုနိုင်ခဲ့ကြသည့် အခြေခံပညာအဆင့်နှင့် တက္ကသိုလ်အဆင့်ကျောင်းသားကျောင်းသူများကိုလည်း ဂုဏ်ပြုဆုတံဆိပ်များ ချီးမြှင့်ခဲ့ကြောင်း သိရှိရပါသည်။